Saturday 25 October 2014

ကွန်ပျူတာ အမှိုက်တွေကို ရှင်းလင်းပေးမယ့် နည်း ( ၅ ) နည်း


ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြချင်ပါတယ်။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။

ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။

အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်ပါ.....။
ကွန်ပျူတာ ပိတ်ခါနီးတိုင်း....ဒီ ( ၅ ) နည်းကိုပုံမှန်လုပ်ပေးခြင်းဖြင့် ကွန်ပျူတာ ပေါ့ပါးနေပါစေ.....။

From ကိုခင်မောင်စိုး Myanmartechnician


အားလုံးအဆင်ပြေပါစေ.......။

Wednesday 22 October 2014

Android Phone များကို Admin Userတစ်ဦးလို အသုံးပြုချင်သူများအတွက် မဖြစ်မနေပဲ Rootလုပ်ငန်းစဉ်ကိုလုပ်ဆောင်ကြရပါတယ် အရင်တုန်းကတော့ Root လုပ်ငန်းစဉ်ကို Computerနဲ့တွဲဖက်ပြီးပြုလုပ်ခဲ့ရပါတယ် အခုနောက်ပိုင်းမှာတော့ မိမိရဲ့ ph အတွင်းမှာပဲ apk လေးတစ်ခုနဲ့တင် Root ပြုလုပ်လာနိုင်ကြပါပြီ
အသုံးများတဲ့ Rooting Applications တွေကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။
Root apk Collection
** Android Version 4.3 Root **
https://app.box.com/s/hif71irnf7fj7qm13u5e
အထက်ပါ one touch apk များကတော့Android Version 2.3မှစလို့ 4.4.2 အထိပင် Root ပြုလုပ်နိုင်ပါတယ်။


Credit ; Original Owner



ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။

အလွယ်ဆုံး အမြန်ဆုံး နည်းလမ်းဖြင့် Samsung ဖုန်း Android Version မြင့်တင်နည်း



Android Version နိမ့်နေလို့ မြင့်ချင်တဲ့သူက ဒီနည်းကအလွယ်ဆုံး အမြန်ဆုံးပါ

မိနစ် 20 လောက်ပဲကြာပါတယ် ။ လေ့လာစမ်းသပ် လိုသူ အောက်ကနည်းကို

တစ်ဆင့်ချင်းသေချာဖတ်ပီး လုပ်ကြည့်ပါ ။

၁- Version မြင့်ဖို့  ကွန်ပျူတာထဲကို Kies ဆော့ဝဲထည့်ထားပါ( တချို့ ဖုန်းမှာ
      အခွေလေးနဲ့ ပါလာတတ်ပါတယ် မပါလာရင် Download ယူလိုက်ပါ

၂- Kies ထည့်ပီးရင် ဖုန်းကို ပါဝါပိတ်ပါ ပီးရင် ကွန်ပျူတာနဲ့ ချိန်ပြီးတော့
     ဖုန်းပါဝါကိုလည်း ဖွင့်ပါ ကွန်ပျူတာထဲက Kies ဆော့ဝဲကိုလည်းဖွင့်

၃ -ခဏစောင့်လိုက် ဖုန်းနဲ့  Kies ချိတ်နေပါလိမ့်မယ် ချိတ်တာနဲ့ ဖုန်းအတွက်
    Version မြင့်မလား မေးပါလိမ့်မယ် အသစ်ထွက်တယ်ဆို တက်လာပါတယ်
     ဖုန်းတစ်ခုနဲ့ တစ်ခုမတူပါဘူး ။ အင်တာနက်လိုင်းလည်း အသင့်တင့်ရှိရင်
     သူ့ ဟာသူ Offical Firmware ဒေါင်းပြီး မြင့်ပါလိမ့်မယ်

၎- မြင့်နေစဉ်မှာ ကွန်ပျူတာကို မသုံးပဲ စောင့်ပါ။ပြိုင်တူသုံးလျှင် Error တက်ပီ
     မပြီးတာဖြစ်တတ်ပါတယ် ။အဲ့လိုဖြစ်လျှင် ပြန်သုံးဖို့ Backup ယူထားချင်ရင်
    ရပါတယ် ။ အဆင်ပြေသလိုစမ်းကြည့်ပါ။ ကျနော်စမ်းတာ အားလုံး OK..။


Kies Download - http://www.samsung.com-Kies Download

Kies အသုံးပြုနည်း ဒီမှာကြည့် - http://www.samsung.com/kies tutorial

Computer မလိုပဲ ဖုန်းထဲကနေ Root လုပ်နိုင်တဲ့ Pro Myanmar Rootဆော့ဝဲနဲ့  မြန်မာစာထည့်နည်း


 Root လုပ်တာ ခက်လား ဘယ်လိုလုပ်ရလဲ မေးနေသူများ Root လုပ်ချင်ရင်

ဒီဆော့ဝဲကို ဖုန်းထဲထည့်လိုက် ။ ပြီးရင် ဆော့ဝဲကို ဖွင့် Start Root ကို နှိပ်ပါ

ခဏလေးနဲ့  ကွန်ပျူတာမလိုပဲ Root လုပ်ပြီးစီးကြောင်း ပြပါလိမ့်မယ် ။စမ်းပါ

မြန်မာစာထည့်မရသူတွေ Root လုပ်ပြီးရင် Font Changer သုံးထည့်လိုက်ပါ

Android Version 4.3 တွေအတွက်လည်း မြန်မာစာထည့်ဖို့ အဆင်ပြေတယ်

ကွန်ပျူတာမလိုပဲ စမ်းသပ် Root လိုသူ မြန်မာစာထည့်လိုသူ အောက်ကလင့်မှာ

ဒေါင်းလုပ်ယူပြီး အလွယ်တကူ Root နည်း လေ့လာနိုင်ပါတယ်။



Download - မောင်(စွယ်စုံကျမ်း)Pro Myanmar Root.apk


Download - Zawgyi Font for 4.1.2_4.2.2_4.3 အထက် 

Android Version မြင့်တဲ့ ဖုန်းတွေကို Root လုပ်နည်းနဲ့  မြန်မာစာ ထည့်နည်း(ကွန်ပျူတာမလို)



Root လုပ်ဖို့ အတွက် Version 4.3 root ကို ဖုန်းထဲထည့်ပြီး Root ပါ

Root ပြီးရင် Font Changer ကို ဆက်ဒေါင်းပြီး 4.3 အထက်ဆိုတာကို

နှိပ်ပြီး မြန်မာစာထည့်လိုက်ရင် အဆင်ပြေပါတယ် အောက်ကလင့်မှာယူ


Download - Mssk-Android Version 4.3 ROOT.apk

Download - MM Aio Font Changer ( Version 1.6 မှ 4.3 အထက်အထိ)
  

Wednesday 15 October 2014

http://www.watchfomny.net/USA-TV.php

Friday 3 October 2014

http://www.thaitv3.com/%E0%B8%94%E0%B8%B9%E0%B8%97%E0%B8%B5%E0%B8%A7%E0%B8%B5%E0%B8%AD%E0%B8%AD%E0%B8%99%E0%B9%84%E0%B8%A5%E0%B8%99%E0%B9%8C/256/%E0%B8%94%E0%B8%B9%E0%B8%97%E0%B8%B5%E0%B8%A7%E0%B8%B5%E0%B8%AD%E0%B8%AD%E0%B8%99%E0%B9%84%E0%B8%A5%E0%B8%99%E0%B9%8C.html